Our Products

Books

Inventory Guide Book

“ကုန်ပစ္စည်းတွေစီမံတာ၊ သိမ်းဆည်းတာအစရှိတဲ့နည်းလမ်းတွေက Inventory ရှိတဲ့လုပ်ငန်းတိုင်းနီးပါးအတွက် လိုအပ်ပါတယ်”

  • Bin card စီစဉ်မှုနဲ့အသုံးပြုမှုအကြောင်းတွေ
  • Packing နဲ့ packaging ထုတ်ပိုးမှုတွေအကြောင်း
  • ထုတ်ပိုးမှု package တွေမှာပါတဲ့ label တွေ နားလည်စေဖို့
  • ဘယ်အချိန်မှာယူရမလဲဆိုတဲ့ re-order point တွက်ချက်ခြင်း
  • LIFO and FIFO စနစ် အသုံးပြုမှုတို့ရဲ့ ကုန်ကျစရိ​တ်(အရင်း) တွက်ချက်ခြင်း
  • ABC ကုန်ပစ္စည်းတွေကို ဘယ်လိုclass ခွဲမလဲ တွက်ချက်ခြင်း
  • order မှာယူမှုနဲ့ delivery ကြာချိန်တွေအပေါ်ဆုံးဖြတ်ခြင်း
  • ကုန်ပစ္စည်း SKU တွေအကြောင်း
  • ငွေကြေးနည်းနည်းနဲ့ label , tag စီစဉ်မှုများ
  • Warehouse process နဲ့ handling good practice တွေသေချာနားလည်ဖို့
  • Warehouse အတွက်အဓိကအခြေခံ storage system 2 မျိုး
  • Warehouse စင်နာမည်ပေးမှုတွေနဲ့ Layout အခြေခံတွေအကြောင်း
  • Computer document file, folder တွေစနစ်တကျစီမံခြင်းအစရှိသဖြင့် အလုပ်အတွက်လိုအပ်မယ့် ဗဟုသုတမြောက်များစွာပါဝင်ပါတယ်…

Supply chain knowledge 60

“ကိုယ်သိထားသိလိုလိုနဲ့ မသဲကွဲတဲ့အချက်တွေကို သေချာလေးနားလည်အောင်ဖော်ပြထားတာတွေ့ရတယ်”

“စာမျက်နှာတိုင်းက လိုအပ်နေတဲ့ဗဟုသုတတွေချည်းပဲ”

“Logistics သမားတိုင်းရှိသင့်တဲ့ စာအုပ်လေးပါ”

“Supply chain အခေါ်အဝေါ်တွေက ဒီစာအုပ်လေးနဲ့ဆိုရင် မခက်တော့ပါဘူး” လေ့လာနေသူတွေနဲ့ လက်တွေ့လုပ်ကိုင်နေသူတွေအားလုံးအတွက်

  • Warehouse နဲ့ Store အတူတူပဲလား?
  • Supplier နဲ့ Vendor ဘာကွာလဲ?
  • Purchasing နဲ့ Procurement ကရော?
  • Inventory list vs Assets list
  • Detention vs DemurrageSupply chain vs Value chain
  • Efficient vs Effective … အစရှိသဖြင့် မသိမဖြစ်လုပ်ငန်းသုံးဗဟုသုတနဲ့ terms တွေစုစည်းမှု အိတ်ဆောင်စာအုပ်လေးဖြစ်ပါတယ်။

Warehouse guide book

“ကုန်ပစ္စည်းသိမ်းဆည်းခြင်းနဲ့ ဂိုဒေါင်လုပ်ငန်းတွေကိုစနစ်ကျချင်တဲ့သူတွေအတွက် လက်စွဲပါပဲ” “Budget နည်းနည်းနဲ့စတင်လို့ရတဲ့ဂိုထောင်စနစ်တွေအကြောင်းအများကြီးပါဝင်ပါတယ်” “လူ ၊ နေရာ ၊ စက်ကိရိယာ” အစရှိတဲ့ resource တွေကို စနစ်တကျတွက်ချက်ပြီးစီမံနိုင်စေဖို့”

  • ဂိုဒေါင်အတွင်း အလုပ်မတွင်ပဲနှောင့်နှေးစေတဲ့အချက် (bottle neck) များ
  • ဂိုဒေါင်နဲ့ ကုန်ပစ္စည်းတွေအတွက်ရှိသင့်တဲ့ policy များ
  • Lean ပညာရပ်နဲ့ ဂိုဒေါင်ပညာ ဘယ်လိုပေါင်းစပ်အသုံးပြုမလဲ?
  • Kanban စနစ်အသုံးပြုပြီး inventory ကို replenishment လုပ်နိုင်ဖို့
  • ယနေ့ခေတ် Consignment , VMI , CMI ဂိုဒေါင်စနစ်တို့အလုပ်လုပ်ပုံ
  • Return ပစ္စည်း (RMA) တွေကိုစနစ်တကျစီမံနည်း
  • ဂိုဒေါင်မန်နေဂျာတစ်ယောက်ရဲ့တာဝန်နဲ့စိန်ခေါ်မှုများအကြောင်း
  • လူအင်အား တိုင်းတာတွက်ချက်ခြင်း၊ ပစ္စည်းအတင်အချအတွက် resource စီမံခြင်းများ
  • ဂိုဒေါင်ဝန်ထမ်းတွေအတွက် အလုပ်ချိန် shift များသတ်မှတ်ခြင်း နည်းလမ်းများ
  • စနစ်ကျတဲ့ location စီမံခြင်းနဲ့ ဂိုဒေါင်အခွဲတွေ ထားရှိခြင်း
  • ဂိုဒေါင်အတွင်းဝန်ထမ်း productivity နဲ့ performance များတွက်ချက်ခြင်း
  • Customer service ကောင်းအောင် ဂိုဒေါင်အနေနဲ့လုပ်ဆောင်ရမယ့်အရာများ
  • ဂိုဒေါင်အတွင်းလုံခြုံရေး (security) ပိုမိုအားကောင်းစေဖို့နည်းလမ်းများ အစရှိသဖြင့် ဂိုဒေါင်စီမံခြင်း (warehouse management) အလုပ်အတွက်လိုအပ်မယ့် ဗဟုသုတမြောက်များစွာပါဝင်ပါတယ်…

Packages

လုပ်ငန်းငယ်အတွက် ကုန်ပစ္စည်းစီမံမှုသင်တန်း (AIO training package)

“ပြည်တွင်းမှာရှိတဲ့ ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရောင်းချရေးအပိုင်းတွေလုပ်ကိုင်နေတဲ့ လုပ်ငန်းအလတ်စား၊ အသေးစားတွေအတွက် ဂိုဒေါင်စနစ်ချ AIO package ပဲဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ လိုအပ်တဲ့စနစ်တွေချပြီး ဂိုဒေါင်ပိုင်း (warehousing) မှာ စိတ်ချရပြီဆိုရင် အရောင်း (sale) ဘက်ကို 2 ဆ ပိုမိုအားစိုက်နိုင်လာပါလိမ့်မယ်။”

(1) Memory stick

  • Training video များ
  • အဆင်သင့်အသုံးပြုနိုင်တဲ့ ဂိုဒေါင်စာရွက်စာတမ်းနမူနာ file များ
  • Bin card design များ

(2) Storage guideline file

သင့်လုပ်ငန်းမှာသိမ်းဆည်းတဲ့ပစ္စည်းအမျိုးအစားအတွက် ဘယ်လိုသိမ်းရမယ်ဆိုတဲ့ လမ်းညွှန်ချက်ဖြစ်ပါတယ်။ AIO ကိုဝယ်ယူသူ customer တွေအနေနဲ့ ကျွန်တော်တို့ကို မိတ်ဆွေအမြဲသုံးတဲ့ viber ph no. ပေး​ထားပါ။ အဲ့ဒီကတဆင့် soft copy file ကိုပို့ပေးပါ့မယ်။

Memory stick မှာပါဝင်မယ့် training topic တွေကတော့

  • အခြေခံ warehouse operation
  • အခြေခံ inventory management
  • အခြေခံ inventory control
  • အခြေခံကုန်ပစ္စည်းကိုင်တွယ်စီမံမှု
  • ဂိုဒေါင်စာရွက်စာတမ်းများ စနစ်ကျအောင်စီမံခြင်း
  • ဂိုဒေါင် location နံပါတ်စနစ်
  • အခြေခံ ဂိုဒေါင် layout စနစ်
  • ဂိုဒေါင်စည်းကမ်း inventory policy များ
  • ဂိုဒေါင်အဖွဲ့သားများကိုစနစ်ကျတဲ့ team တည်ဆောက်ခြင်း
  • လုပ်ငန်းတွင်းအလေအလွင့်များလျော့ချခြင်း
  • ဂိုဒေါင်အဖွဲ့သားများအတွက် စိတ်ဓါတ် (morale) မြင့်တင်ခြင်း